What's happening?

Video Sources 461 Views Report Error

  • Mega 720
  • Mega 1080
  • Stream
The Lone Ranger (2013) mmsub

The Lone Ranger (2013) mmsub

Never Take Off the MaskJul. 03, 2013n/A149 Min.n/A
Your rating: 0
0 0 votes


Synopsis

၁၉၃၃ ခုနှစ် ကာနေဗယ်တော် ကျင်းပနေသည့် ရက်တွင် ဖြစ်သည်။ ဆန်ဖရန်စစ္စကိုတွင် Golden Gate တံတားကြီး စတင်ဆောက်လုပ်နေဆဲ ကာလဖြစ်သဖြင့် ထိုနေရာတွင် လူစည်ကားနေသည်။ Will ဟု အမည်ရသော ချာတိတ်တစ်ယောက်က က ရာဇဝင်ထဲက လူစွမ်းကောင်း Lone Ranger ပုံစံ ကောင်းဘွိုင်ဝတ်စုံ ဝတ်ဆင်ပြီး ကာနေဗယ်ပွဲတော်ကျင်းပရာနေရာကို လှည့်လည်ကြည့်ရှုနေသည်။ ထိုနေရာတွင် Tonto ဟု အမည်ရသော ကိုမန်ချီ အင်ဒီယန်းလူမျိုး တစ်ဦးနှင့် တွေ့ဆုံမိသည်။ Will သတိရလိုက်သည်က Lone Ranger ရဲ့မိတ်ဆွေ Tonto ကလည်း ကိုမန်ချီ အင်ဒီယန်းဖြစ်သည် ဆိုတာကိုပင်။ Tonto က သူနဲ့ Lone Ranger တို့ အနောက်ခြမ်းက ကန္တာရမှာ စွန့်စားခဲ့ကြောင်း၊ မျက်နှာဖုံးစွပ် Lone Range နဲ့ သူနဲ့ နှစ်ယောက်အတူ ဘဏ်ကိုဓားပြတိုက်ခဲ့ကြောင်း ပြောပြသည်။ သို့သော် Will လက်မခံနိုင်။ သူသိထားသည့် Lone Ranger က တရားဥပဒေစိုးမိုးရေး စွမ်းဆောင်ခဲ့သည့် သူရဲကောင်း၊ ဘဏ် ဓားပြမဟုတ်.. အဲဒီတော့မှ Tonto က ၁၈၆၉ ခုနှစ်မှာ သူနဲ့ အတူတူ တက္ကဆပ်ပြည်နယ် ကော်ဘီမှာ သောင်းကျန်းခဲ့ဖူးသည့် လူတစ်ယောက်အကြောင်း ပြန်ပြောပြသည်။ ၁၈၇၉ တွင် အမေရိကန်နိုင်ငံရဲ့ အရှေ့ဖက်နဲ့ အနောက်ဖက်ကို ဆက်သွယ်ဖို့ ပြည်နယ်အများအပြားကို ဖြတ်ပြီး ရထားလမ်းဖောက်လုပ်နေသည်။ ရထားလမ်းကို Latham Cole ဆိုသည့် သူဌေးတစ်ဦးက ထိန်းချုပ်ထားသည်။ John Reid ဆိုသည့် လူငယ်လေးက ဒီရထားကိုစီးပြီး ဇာတိသို့ပြန်လာသည်။ John Reid စီးတဲ့ ရထားပေါ်မှာ Texas Ranger တစ်ဦးဖြစ်တဲ့ သူ့အစ်ကို Dan Reid ဖမ်းလာသည့် လူဆိုးကြီး Butch Cavendish လည်း ပါလာသည်။ Tonto ကလည်း အဲဒီရထားကိုပဲ စီးလာသည်ပေါ့.. သို့ပေမယ့် အခြေအနေက အစိုးမရသည်မို့ Butch လွတ်သွားပြီး သူ့ကို ဖမ်းလာသည့် Texas Ranger တွေ အသတ်ခံရသည်။ Tonto က ဒီလူသတ်မှုမှာ ကြားက ဓားစာခံဖြစ်ပြီး ရထားကို အပိုင်စီးခံရသည်။ ဒါပေမယ့် John နဲ့ Dan တို့က ပြန်လည်တိုက်ခိုက်ပြီး Tonto ကို Butch ရဲ့ အဖွဲ့ကလို့ ထင်သွားကြသည်။ အကျိုးဆက်အနေနဲ့ Tonto ကို Dan က ဖမ်းဆီးထားလိုက်ပြီး Butch ကတော့ လွတ်မြောက်သွားသည်။Dan က John ကို Texas Ranger တွေနဲ့အတူ Butch ကို လိုက်လံဖမ်းဆီးဖို့ အကူအညီတောင်းသည်။ တောင်ကြားတစ်ခုတွင် Dan ၊ John နဲ့ Ranger တွေ ပိတ်မိနေစဉ် Ranger တွေ အကုန်အသတ်ခံရပြီး Butch က John ရဲ့ ရှေ့မှာတင် Dan ရဲ့ နှလုံးကို ထုတ်ပြီး စားပြသည်။ John လည်း ဒဏ်ရာကြောင့် မျောသွားပြီး ကိုမန်ချီအင်ဒီယန်းတွေ ယုံကြည်ကြတဲ့ Silver အမည်ရှိ ဝိဉာဏ်မြင်းတစ်ကောင်က သူ့ကို ပြန်အသက်သွင်းပေးလိုက်သည်။ ထောင်က ထွက်ပြေးလာတဲ့ Tonto က ဒီအကြောင်းကို ပြောပြပြီး John တစ်ယောက် တိုက်ပွဲမှာ သူများသတ်လို့ မသေနိုင်တော့ဟု ရှင်းပြသည်။ဒါ့အပြင် တိုက်ပွဲမဖြစ်ခင် ပျောက်ဆုံးသွားသည့် Collins အမည်ရှိ Ranger က သစ္စာဖောက်လို့ Dan သေဆုံးရတာ ဖြစ်ကြောင်း Tonto က သတင်းပေးသည်။ Collins မကြာခင်ကမှ ရောက်ခဲ့သည့် ပြည့်တန်ဆာအိမ်သို့ သွားရှာကြရင်း Red Harrington နဲ့ တွေ့ဆုံမိပြီး Dan နဲ့ Collins တို့ ရန်ဖြစ်သည့်အကြောင်းကို သိရသည်။ အဲဒီအချိန်မှာ ကိုမန်ချီ အင်ဒီယန်းယောင်ဆောင်ထားသည့် Butch ရဲ့ အဖွဲ့ဝင်တွေက ကိုမန်ချီနဲ့ အမေရိကန်တွေရဲ့ နယ်စပ်ကို ဝင်ရောက်တိုက်ခိုက်ကြသည်။ဒီလို ဝင်ရောက်တိုက်ခိုက်တာကြောင့် Dan ရဲ့ မိန်းမ Rebecca နဲ့ သား Danny တို့ ပိတ်မိသွားကြသည်။ သို့သော် မီးရထားလမ်းပိုင်ရှင် Latham Cole က ဝင်ရောက်ကယ်ဆယ်ပြီး Collins ကို ပစ်သတ်လိုက်သည်။ ဒါ့အပြင် ရထားလမ်း ဆက်လက်ဖောက်လုပ်ဖို့နဲ့ ကိုမန်ချီအင်ဒီယန်းတွေကို တိုက်ခိုက်ဖို့ အမေရိကန် မြင်းတပ်ဗိုလ်ကြီး Jay Fullerကို အကူအညီတောင်းသည်။တကယ်တော့ Cole ရော Butch ကပါ ကိုမန်ချီ တွေ ပိုင်ဆိုင်တဲ့ ငွေသတ္ထုတွင်းကို လိုချင်လို့ ဒီဒေသကို ထိုးဖောက်ဝင်ရောက်လာခြင်း ဖြစ်သည်။ ဒီအကြောင်းကို သိသွားရတဲ့ တရားခံဟာ အင်ဒီယန်းကြီး Tonto ဖြစ်သည့်အကြောင်း John သိသွားသည့်အခါ..

The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
The Lone Ranger (2013) mmsub
Original title The Lone Ranger
IMDb Rating n/A n/A votes
TMDb Rating 6.115 5,944 votes

Director

Cast

Armie Hammer isJohn Reid / The Lone Ranger
John Reid / The Lone Ranger
William Fichtner isButch Cavendish
Butch Cavendish
Helena Bonham Carter isRed Harrington
Red Harrington
Ruth Wilson isRebecca Reid
Rebecca Reid
Leon Rippy isCollins
Collins
Stephen Root isHabberman
Habberman

Similar titles

Dragon Tiger Gate မြန်မာစာတန်းထိုး
Bāhubali 2: The Conclusion မြန်မာစာတန်းထိုး
Akira မြန်မာစာတန်းထိုး
Gunslingers (2025) mmsub
Sound of Freedom မြန်မာစာတန်းထိုး
Lara Croft: Tomb Raider (2001) mmsub
The Last Manhunt မြန်မာစာတန်းထိုး
The Last King မြန်မာစာတန်းထိုး
Incredibles 2 (2018) mmsub
The Huntresses မြန်မာစာတန်းထိုး
Colombiana မြန်မာစာတန်းထိုး
Wanted Man

Leave a comment

Name *
Add a display name
Email *
Your email address will not be published