What's happening?

Video Sources 690 Views Report Error

  • OK
  • Mega 720
  • Mega 1080
Dangal (2016) mmsub

Dangal (2016) mmsub

Dec. 21, 2016India | United States161 Min.n/A
Your rating: 0
0 0 votes


Synopsis

Dangal (သို့မဟုတ်) အောင်မြင်မှုရဲ့ ခရီးကြမ်း“နပန်းသမားတစ်ယောက်က ကွင်းထဲဝင်လာပြီး ပြိုင်ပွဲဝင်ရတဲ့ရည်ရွယ်ချက်က နိုင်ငံအတွက်ဆုတံဆိပ်ရယူပေဖို့အတွက်ပဲ။ဒါပေမဲ့ နိုင်ငံကတော့ နပန်းသမားတွေကို ဘာမှကူညီထောက်ပံမှုမလုပ်ပေးဘူး။”
ဒီစကားကိုပြောတာက နပန်းအားကစားနည်းကို အသွေးအသားထဲကရူးသွပ်ပြီး နပန်းကစားနည်းကနေ နိုင်ငံအတွက် ရွှေတံဆိပ်ဆုရပေးချင်တဲ့ Mahavir Singh Phogat (Aamir Khan)၊ ဒါပေမဲ့ သူ့ဆန္ဒမပြည့်ဝခဲ့ဘူး။ ဝါသနာနဲ့ ဝမ်းစာ ထိပ်တိုက်တွေ့တဲ့အချိန်မှာ ဝါသနာကိုစွန့်လွှတ်ခဲ့ရပေမယ့် သူ့မှာရည်မှန်းချက်တစ်ခုရှိတယ်။ သူမွေးတဲ့သားက တစ်နေ့နပန်းသမားတစ်ယောက်ဖြစ်ရမယ်တဲ့။ ကံကြမ္မာကတော့ သူ့ကိုကျီစားနေတုန်းပဲ။ အနှစ်နှစ်ကာလမျှော်လင့်ချက်နဲ့ သားတစ်ယောက်လိုချင်တဲ့သူ့အတွက် ပထမဆုံးမွေးလာတဲ့ကလေးကတော့ မိန်းကလေး၊ စိတ်အပျက်ကြီးပျက်ခဲ့ရပေမယ့် ဇွဲမလျှော့တဲ့သူကတော့ နောက်မွေးမယ့်ကလေးက ယောကျာ်းလေးဖြစ်ရမယ်တဲ့။ ဒီလိုနဲ့ နည်းလမ်းပေါင်းစုံ၊ ဆေးပေါင်းစုံမှီဝဲရင်း ယောကျာ်းလေးရဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ခါလည်းမွေးလာတာကလည်း သမီးမိန်းကလေး၊ စိတ်ဓာတ်ကျစဖြစ်လာပေမယ့် သားယောကျာ်းလေးမွေးလာနိုးနိုးနဲ့ ကလေးတွေတစ်ယောက်ပြီးတစ်ယောက် မွေးလာခဲ့တာ ၄ ယောက်မြောက်ထိရောက်လာပေမယ့် အကုန်လုံးကတော့သမီးမိန်းကလေးတွေသာ၊ ဒီလိုနဲ့ Mahavir တစ်ယောက် သူ့ရဲ့ရွှေတံဆိပ်ရယူရေး ရည်မှန်းချက်တော့ စွန့်လွှတ်လိုက်ရပြီပေါ့။ ဒါပေမဲ့ ..
တစ်ရက်သူအိမိပြန်လာတဲ့အချိန်မှာ သူ့သမီးအကြီးနှစ်ယောက်ဖြစ်တဲ့ Geeta နဲ့ Babitaက ကျောင်းကအပြန် လမ်းမှာသူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်တဲ့ ကောင်းလေးနှစ်ယောက်ကို ထိုးကြိတ်လွှတ်လိုက်ပြီးတဲ့နောက်မှာတော့ Mahavir တစ်ယောက် သူရဲ့နပန်းသွေးတွေက သူ့သမီးတွေဆီမှာလည်း စီးဆင်းနေတယ်ဆိုတာသိပြီး သမီးတွေကိုနပန်းသင်ပေးဖို့အတွက် ဆုံးဖြတ်လိုက်ပါတော့တယ်။ နောက်နေ့ မနက် ၅ နာရီကစပြီး သံမဏိစည်းကမ်းတွေနဲ့ လေ့ကျင့်ရေးတွေစပါတော့တယ်။ အိန္ဒိယနိုင်ငံရဲ့ကျေးလက်ဒေသမှာနေထိုင်ပြီး ရှေးရိုးစွဲအယူတွေကြားမှာ မိန်းကလေးနှစ်ယောက်ကို နပန်းသင်ပေးတယ်ဆိုရတာကတော့ ကောင်းကင်ကကြယ်ကိုဆွတ်ခူးရသလိုပါပဲ။ အတိုက်အခိုက်၊ ဝေဖန်ရှုံချမှုတွေနဲ့ မနာလိုမှုတွေရှိနေပေမယ့် Mahavir တစ်ယောက်ကတော့ ပတ်ဝန်းကျင်ပြောတာကို ဂရုမစိုက်ပဲ အလုပ်နဲ့သက်သေပြဖို့ကြိုးစားပါတော့တယ်။ သမီးနှစ်ယောက်ကတော့ ငယ်ရွယ်သူပီပီ ပျော်ပျော်ပါးပါးနေချင်ပေမယ့် ဖခင်ရဲ့ သံမဏိစည်းကမ်းကတော့ တစ်ပြားမှမလျှော့ပါဘူး။ ဒီလိုနဲ့ လေကျင့်လာခဲ့ရာမှ ပြိုင်ပွဲတွေမှာဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ အဆင့်ကိုရောက်လာပါတော့တယ်။ မိန်းကလေးနပန်းသမားမရှိတဲ့ ကျေးရွာမှာတော့ နပန်းပြိုင်ပွဲရဲ့ ပြိုင်ဘက်တွေက ယောကျာ်းလေးတွေကြီးပါပဲ။ မိန်းကလေးမလို့ ပြိုင်ပွဲဝင်ခွင့်တော်တော်များများမှာ ငြင်းပယ်ခံရပေမယ့် ပထမဆုံးယှဉ်ပြိုင်နိုင်တဲ့ပွဲမှာ ယောကျာ်းလေးပြိုင်ဘက်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း ပြိုင်ပွဲတိုင်းမှာ အနိုင်ရပြီး ပြည်နယ်အဆင့်ရောက်ကာ ပြည်နယ်အဆင့်မှာပါ ရွှေတံဆိပ်ဆုရခဲ့ပြီး နိုင်ငံလက်ရွေးစင်အဖြစ်ရွေးချယ်ခံရပါတော့တယ်။ နိုင်ငံလက်ရွေးစင်ဖြစ်လို့ ဝမ်းသာမဆုံးဖြစ်နေတဲ့ Mahavir အတွက်ကတော့ လေ့ကျင့်ရေးအထောက်အပံ့အပြည့်အစုံရှိတဲ့ မြို့ကြီးမှာ စခန်းသွင်းလေ့ကျင့်လိုတဲ့ သမီးကြီး Geeta ရဲ့ ဆန္ဒကိုလိုက်လျောပြီး ပို့ဆောင်ပေးခဲ့ပါတယ်။ ဖခင်ရဲ့ သံမဏိစည်းကမ်းကနေ လွတ်မြောက်ပြီး လွတ်လွတ်လပ်လပ်နေရတဲ့ Geeta အတွက်ကတော့ အရာရာကပျော်ရွှင်ဖွယ်ရာအတိပါ။ နည်းပြဆရာအသစ်နဲ့လေ့ကျင့်ရပြီး သူ့အဖေသင်ပေးတာတွေထက် ပိုကောင်းတယ်လို့လည်း မှတ်ယူလာခဲ့ပါတယ်။ တစ်ရက်ခွင့်ရလို့ အိမ်အပြန်မှာ သူအဖေ့ရဲ့နည်းစနစ်တွေက ခေတ်နောက်ကြနေပြီး အလုပ်မဖြစ်တော့ဘူးဟု ပြောလာသောအခါ သားအဖနှစ်ယောက်မှာ စိတ်ဝမ်းကွဲသွားပါတော့တယ်။ ဒါပေမဲ့ Geeta တစ်ယောက်သူ့ဆရာရဲ့နည်းစနစ်တွေအတိုင်း နိုင်ငံတကာပွဲကို သွားရောက်ယှဉ်ပြိုင်ပေမဲ့ ပထမအဆင့်ကနေထွက်ခဲ့ရပါတော့တယ်။ သူ့ရဲ့ လက်ရွေးစင်ဘဝကိုလည်း ဆိုးရွားတဲ့ရလဒ်က ခြိမ်းခြောက်လာပါတော့တယ်။ နောက်ဆုံးအခွင့်ရေးကတော့ အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ 2010 Commonwealth Games မှာ ဆုတံဆိပ်ရယူနိုင်ရေးပါ။ ဒီလိုအချိန်မှာ သတိရမိတာကတော့ အဖေဖြစ်သူကိုပါပဲ။ အဖေဖြစ်သူကလည်း သမီးဖြစ်သူကို ခွင့်လွှတ်ပေးပြီး ဆုတံဆိပ်ရယူပေးဖို့အတွက် အစွမ်းကုန်ကူညီပါတော့တယ်။ သူတို့သားအဖနှစ်ယောက်လုံးမျှော်လင့်တဲ့ ရွှေတံဆိပ်ဆုက ရယူနိုင်မလား.. ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလည်း.. အောင်မြင်အောင်လုပ်ဆောင်နိုင်မလားဆိုတာ ..

Dangal (2016) mmsub
Dangal (2016) mmsub
Dangal (2016) mmsub
Original title दंगल
IMDb Rating 8.3 224,315 votes
TMDb Rating 7.889 1,027 votes

Director

Cast

Aamir Khan isMahavir Singh Phogat
Mahavir Singh Phogat
Fatima Sana Shaikh isGeeta Phogat
Geeta Phogat
Sanya Malhotra isBabita Kumari
Babita Kumari
Zaira Wasim isYoung Geeta
Young Geeta
Suhani Bhatnagar isYoung Babita
Young Babita
Girish Kulkarni isCoach Pramod Kadam
Coach Pramod Kadam
Sakshi Tanwar isDaya Kaur
Daya Kaur
Vivan Bhatena isHarkinder
Harkinder
Ritwik Sahore isYoung Omkar
Young Omkar

Similar titles

On the Line (2021) mmsub
Dora and the Lost City of Gold မြန်မာစာတန်းထိုး
Behind Enemy Lines (2001) mmsub
Inshallah a Boy မြန်မာစာတန်းထိုး
My Spy The Eternal City မြန်မာစာတန်းထိုး
The Adventures of Rocky & Bullwinkle (2000) mmsub
Straight Outta Nowhere: Scooby-Doo! Meets Courage the Cowardly Dog (2021) mmsub
The Hunger Games: The Ballad of Songbirds & Snakes (2023) mmsub
LaRoy, Texas မြန်မာစာတန်းထိုး
Bhoot Police (2021) mmsub
Utsavam မြန်မာစာတန်းထိုး
Chhatri မြန်မာစာတန်းထိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published