What's happening?

Video Sources 494 Views Report Error

  • Mega 720
  • Mega 1080
  • Stream
Ben-Hur (1959) mmsub

Ben-Hur (1959) mmsub

The entertainment experience of a lifetime!Nov. 18, 1959n/A212 Min.n/A
Your rating: 0
0 0 votes


Synopsis

ရုပ်ရှင်အဖွင့်ဟာ ရောမတို့ အုပ်စိုးစဉ်ကာလ ရောမအင်ပါယာအတွင်းမှာ ရှိတဲ့ပြည်သူတွေဟာ ဂျေရုဆလင်မြို့ကို သန်းခေါင်းစာရင်းပေးဖို့ လာကြရင်း သခင်ယေရှုခရစ်တော် မွေးဖွားတဲ့အခန်းနဲ့ စဖွင့်ပါတယ်။ Ben Hur နဲ့ Messala တို့ဟာ ဂျေရုစလင်မှာ အတူတူကြီးပြင်းလာကြတဲ့ အရင်းနှီးဆုံး အချစ်ဆုံး ငယ်သူငယ်ချင်းတွေ ဆိုပေမယ့် အခုချိန်မှာတော့ မာဆားလာဟာ ရောမမြို့သားအဖြစ်ခံယူပြီး ရောမစစ်တပ်ရဲ့ အရာရှိစစ်ဗိုလ်တစ်ယောက် ဖြစ်နေသလို ဘင်ဟားလည်း ဂျေရုစလင်ရဲ့ မင်းသားတစ်ပါး ဖြစ်နေပါပြီ။ ဘင်ဟား နဲ့ မာဆားလာ တို့ဟာ သူငယ်ချင်းတွေဖြစ်သည့်တိုင် ခံယူချက်တွေ လုံးဝမတူညီကြဘူး။ မာဆားလာဟာ ရောမတို့ရဲ့ အင်အား၊ အာဏာကြီးမားမှုကို အထင်ကြီးလေးစားသူ၊ ရောမအင်ပါယာရဲ့ သစ္စာတော်ခံ မင်းမှုထမ်းတစ်ယောက်။ ဘင်ဟားကတော့ ဘုရားသခင်ကို သက်ဝင်ယုံကြည်သူ၊ ကိုယ့်ရဲ့ ဂျူးလူမျိုး ဂျေရုဆလင်မြို့သားတွေကို ကြည့်ရှုစောင့်ရှောက်တဲ့သူ။ ဒါကြောင့် သူတို့ နှစ်ယောက်ရဲ့ ခံယူချက်တွေဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ်။ ရောမစစ်သားတွေ ဂျေရုဆလင်မြို့ကို နယ်ချဲ့ရောက်လာချိန်မှာတော့ စစ်ဗိုလ်ဖြစ်တဲ့ မာဆားလာဟာ ရောမတွေကို ဆန့်ကျင်မှုတွေရှိနေတဲ့ ဂျေရုဆလင်မြို့သားတွေကို လက်ခံလာအောင် ပြောဆိုပေးဖို့ ငယ်သူငယ်ချင်း ဘင်ဟားကို အကူအညီတောင်းပါတော့တယ်။ တကယ်လို့ ဂျူးတွေသာ ရောမအင်ပါယာအောက် အလွယ်တကူဝင်ရောက်ဖို့ လာခံလာရင် မာဆားလာဟာ ဒုတိယစစ်ဗိုလ်ချုပ်ရာထူးကို ရရှိမှာပါ။ ဒါပေမယ့် ကိုယ့်လူမျိုးတွေအပေါ် သစ္စာမဖောက်ချင်တဲ့ ဘင်ဟားဟာ မာဆားလာကို မကူညီနိုင်ခဲ့ပါဘူး။ ဒါကြောင့် မာဆားလာက ဘင်ဟားအပေါ် စိတ်ကွက်သွားခဲ့ပါတယ်။ ရောမဘုရင်ခံအသစ်က ဂျေရုဆလင်မြို့ကို ရောက်လာချိန်မှာ မတော်တဆတစ်ခုဖြစ်ပျက်သွားခဲ့တယ်။ ဘုရင်ခံကို လုပ်ကြံတာပါဆိုပြီး မာဆားလာနဲ့ ရောမစစ်သားတွေဟာ ဘင်ဟာနဲ့ သူ့မိခင် သူ့ညီမတွေကို ဖမ်းသွားခဲ့ပါတယ်။ ဘင်ဟားက မာဆားလာကို ဘယ်လောက် တောင်းပန်ပြောဆိုပေမယ့် အလွတ်မပေးခဲ့ပါဘူး။ ဒီလိုနဲ့ ဘင်ဟားမိခင်နဲ့ ညီမဟာ အကျဉ်းချထားခြင်းခံရပြီး ဘင်ဟားကတော့ စစ်တိုက်ဖို့ ကျွန်အဖြစ်နဲ ရေတပ်ကို ပါသွားခဲ့တယ်။ သင်္ဘောပေါ်မှာ ရေတပ်စစ်သူကြီး ကွင်းတပ်အဲရိယပ်က ကျွန်ဘင်ဟားကို သူ့ရဲ့ ခိုင်မာရဲရင့်တဲ့ စိတ်ဓါတ်၊ ယုံကြည်မှုပြင်းထန်တဲ့စိတ်ဓါတ်တွေကြောင့် သတိထားမိခဲ့တယ်။ ပင်လယ်ဓါးပြတွေနဲ့ စစ်ဖြစ်ချိန်မှာ ဘင်ဟားဟာ စစ်သူကြီး အဲရိယပ်ကို အသက်ကယ်ခဲ့တယ်။ ပင်လယ်မှာ တိုက်ပွဲဖြစ်ရင်း စစ်သူကြီး အဲရိယပ်နဲ့ ဘင်ဟာ နှစ်ယောက်ဟာ အခြားစစ်သားတွေနဲ့ တကွဲစီ ကွဲသွားခဲ့တယ်။ စစ်ရှုံးပြီ အထင်နဲ့ စစ်သူကြီး အဲရိယပ်က ကိုယ့်ကိုယ်ကို သတ်သေဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ဘင်ဟားကြောင့် ရှင်နေခဲ့ရတယ်။ နောက်မှ သူတို့တပ်နဲ့ ပြန်ဆုံပြီး ရောမတပ်တွေ အနိုင်ရတယ်ဆိုတာ သိရတယ်။ ကျေးဇူးသိတတ်တဲ့ စစ်သူကြီး အဲရိယပ်ဟာ စစ်ပွဲအောင်နိုင်ရပြီး ပြည်တော်ပြန်လာချိန်မှာ ဘင်ဟားကို သူ့မွေးစားသား အဖြစ် ချီးမြှင့်မြောက်စားခဲ့တယ်။ ဒါကြောင့် ဘင်ဟားဟာ ကျွန်အဖြစ်ကနေ လွတ်မြောက်သွားခဲ့သလို ရောမအင်ပါယာမှာ မျက်နှာပွင့်တဲ့ မင်းသားတစ်ပါး ဖြစ်လာပြန်တယ်။ ဒီအချိန်မှာတော့ ဘင်ဟားဟာ တစ်ချိန်က သူချစ်ခဲ့ဖူးတဲ့ ချစ်သူ အက်စတာနဲ့ သူ့မိခင်၊ သူ့ညီတွေကို အသည်းအသန် လိုက်ရှာပါတော့တယ်။ ပြီးတော့ သူ့ကို ကျွန်ဘဝရောက်အောင် လုပ်ခဲ့တဲ့ သူ့မိသားစုအပေါ် ရက်စက်ခဲ့တဲ့ သူငယ်ချင်း မာဆားလာကို လက်စားချေဖို့လည်း ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ အကြမ်းတမ်းဆုံးဖြစ်တဲ့ မြင်းစစ်ရထားစီးပြီး ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းအဆုံးသတ်မှာတော့ သခင်ယေရှု ကားတိုင်မှာ အသတ်ခံရတဲ့အခန်းနဲ့ အဆုံးသတ်ထားပါတယ်။ ဒီရုပ်ရှင်ဟာ Judah Ben Hur ကို ယေရှုမွေးဖွားချိန်မှ သေဆုံးချိန်ထိ timeline တစ်ခုတည်းမှာ ရှင်သန်နေထိုင်ခဲ့တဲ့ ဇာတ်ကောင်အဖြစ် စိတ်ကူးယဉ်ပုံဖော်ထားတာ ဖြစ်ပါတယ်..

Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Ben-Hur (1959) mmsub
Original title Ben-Hur
IMDb Rating n/A n/A votes
TMDb Rating 7.9 2,927 votes

Director

Cast

Charlton Heston isJudah Ben-Hur
Judah Ben-Hur
Hugh Griffith isScheich Ildirim
Scheich Ildirim
Jack Hawkins isQuintus Arrius
Quintus Arrius
Sam Jaffe isSimonides
Simonides
Finlay Currie isBalthasar
Balthasar
Frank Thring isPontius Pilatus
Pontius Pilatus

Similar titles

Paradox Effect မြန်မာစာတန်းထိုး
Infiltration
Ullozhukku မြန်မာစာတန်းထိုး
Riam Fighting Angel မြန်မာစာတန်းထိုး
The Nightingale မြန်မာစာတန်းထိုး
Railroad Tigers မြန်မာစာတန်းထိုး
Captain Marvel (2019) mmsub
Naandhi မြန်မာစာတန်းထိုး
Gatao 2: Rise of the King မြန်မာစာတန်းထိုး
The Man with the Iron Fists (2012) mmsub
Midnight Sun မြန်မာစာတန်းထိုး
Three Old Boys မြန်မာစာတန်းထိုး

Leave a comment

Name *
Add a display name
Email *
Your email address will not be published