What's happening?

Video Sources 888 Views Report Error

  • OK
  • Mega 720
  • Mega 1080
Bajrangi Bhaijaan (2015) mmsub

Bajrangi Bhaijaan (2015) mmsub

Jul. 17, 2015India159 Min.n/A
Your rating: 0
0 0 votes


Synopsis

အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ ပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီး စားသောက်ဖွယ်ရာတွေကို မြိန်မြိန်စားနေတဲ့ အခိုက်အတန့်မှာ ပဝန် သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆ နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကို အစားအစာတွေ ကျွေးမွေးခဲ့တယ်။ ပဝန် အိမ်ပြန်တော့လည်း ကလေးမလေးဟာ နောက်ကတကောက်ကောက် လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သော ကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာ သူ့ယောက္ခမဆီ ခေါ်လာခဲ့ပါတော့တယ်။ ပဝန်ဟာ ကလေးမလေးရဲ့ နေရပ်လည်းမသိ သူ့မိဘတွေကိုလည်း မသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီ ပြန်ပို့နိုင်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ ကလေးမလေးကို မွန်နီလို့ အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာ မပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ စစ်ရေးအရ တစ်ဖက်နဲ့တစ်ဖက် မတည့်ကြပါ။ ပဝန်တို့ မိသားစုတို့ကလည်း ဘာသာရေးအရ ဟိန္ဒူဘုန်းကြီး မျိုးနွယ်ဝင်တွေ ဖြစ်တာကြောင့် ပါကစ္စတန်သူ မွတ်စလင်ဖြစ်သူ မွန်နီအား လက်မခံသင့်ကြောင်း၊ ပါကစ္စတန်နိုင်ငံသို့ ပြန်ပို့သင့်ကြောင်း ပဝန်ကို တိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်း သိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ပါကစ္စတန်နိုင်ငံဆီ သွားရောက်ပြီး မွန်နီ့မိဘတွေကို ရှာဖွေခန်းဖွင့်ပြီး ပြန်လည်ဆုံတွေ့နိုင်စေဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ တကယ်တမ်းတော့ ဇာတ်ကားလေးဟာ အညွှန်းနဲ့အဓိပ္ပါယ် ဖော်နိုင်စွမ်းမရှိလှတဲ့ မေတ္တာဖွဲ့ဇာတ်အိမ်လေးပါ။ ပဝန်တစ်ယောက် ပါကစ္စတန်နိုင်ငံတွင်း ဝင်ရောက်ခဲ့ပုံ၊ မိဘရှာတော်ပုံတွေနဲ့အတူ မွန်နီလေးတစ်ယောက် သူ့မိဘနဲ့ ပြန်လည်ဆုံစည်းနိုင်မလားဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။ ပဝန်ရဲ့ ဘဝနဲ့အချစ်ရေးသာမက စိတ်ထားမြင့်မြတ်မှုတွေကလည်း အတုယူစရာကောင်းလှပါတယ်။ လူသားစစ်စစ်တစ်ယောက်အဖြစ် ပဝန်ရဲ့ ကရုဏာကြီးမားမှုတွေ၊ ပါကစ္စတန်နိုင်ငံသို့ ဝင်ရောက်ဖြတ်သန်းမှုတွေ၊ သွေးသားမတော်စပ်သူ တစ်ဦးအတွက် ဒုက္ခပေါင်းများစွာ ဖြတ်သန်းခဲ့ပုံတွေကတော့ မျက်ရည်မခိုင်သူအဖို့ ပင်လယ်ထွန်းမယ့် ဇာတ်ကားမျိုးပါ။ ဒါ့ပြင် အမြင်မတူ အသွင်မတူ ဘာသာမတူ နိုင်ငံသားချင်းမတူကြပေမဲ့ မေတ္တာတရားဟာ ကမ္ဘာ့လူသားတရားတော်ဆိုတာကို ဒီဇာတ်ကားလေးက ညွှန်းဆိုနေဦးမှာပါ..

Bajrangi Bhaijaan (2015) mmsub
Bajrangi Bhaijaan (2015) mmsub
Bajrangi Bhaijaan (2015) mmsub
Bajrangi Bhaijaan (2015) mmsub
Original title बजरंगी भाईजान
IMDb Rating 8.1 104,122 votes
TMDb Rating 7.788 495 votes

Director

Kabir Khan
Director

Cast

Salman Khan isPawan Kumar
Pawan Kumar "Bajarangi" Chaturvedi
Harshaali Malthotra isShahida
Shahida "Munni"
Om Puri isMolana
Molana
Rajesh Sharma isSenior Pakistani Police Officer
Senior Pakistani Police Officer
Meher Vij isShahida's mother
Shahida's mother
Mohommed Ali Shah isPrison Officer
Prison Officer

Similar titles

Interceptor မြန်မာစာတန်းထိုး
The Curious Case of Tianjin မြန်မာစာတန်းထိုး
God with Three Eyes (2025) mmsub
Over My Dead Body မြန်မာစာတန်းထိုး
Osiris (2025) mmsub
Golden Job မြန်မာစာတန်းထိုး
The New Legend of ShaoLin (1994) mmsub
Casino Royale (2006) mmsub
An American Tail: Fievel Goes West (1991) mmsub
Rogue မြန်မာစာတန်းထိုး
Wrath of the Titans (2012) mmsub
The Day After Tomorrow (2004)

Leave a comment

Name *
Add a display name
Email *
Your email address will not be published