
အနောက်ဖက်သို့ ခရီးသွားခြင်း ဒဏ္ဍာရီကို အခြေခံထားပြီး ကျမ်းစာသယ်တဲ့ ခရီးစဉ်မစတင်မီ ဆရာတော် ထန်စန်းကျန့် ဆိုပြီး ဖြစ်မလာခင် သူ့ရဲ့တပည့် ၃ ယောက် ဖြစ်လာမယ့် ဝူခုန်းတို့ ပါကျဲတို့ မိစ္ဆာဘဝဖြစ်စဉ်နဲ့ မိစ္ဆာတွေကို နှိမ်နင်းတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းလေးကတော့ မြစ်ဘေးကရွာတစ်ရွာမှာ ငါးမိစ္ဆာကြီးတစ်ကောင် သောင်းကျန်းနေတာကို ထန်စန်းကျန့်က နှိမ်နင်းဖို့ကြိုးစားရာကနေ စတင်ပါတယ်.. မိစ္ဆာကိုမသတ်ဘဲ မေတ္တာနဲ့ အစွဲချွတ်ချင်တဲ့ သူ့ရဲ့လမ်းစဉ်ဟာ ထင်သလောက် မအောင်မြင်ပါဘူး.. သူက လောကကြီးကို ကယ်တင်ဖို့ရာ ကြီးမားတဲ့ မေတ္တာတရားကသာ အခရာလို့ သိထားပေမယ့် အစွမ်းမရှိတဲ့ သာမန်လူဖြစ်နေတော့ အခက်အခဲတွေ အများအပြားနဲ့ စမ်းတစ်ဝါးဝါးဖြစ်နေခဲ့ပါတယ်။ ဆိုတော့ကာ ထန်စန်းကျန့်ကို အစွမ်းထက်အောင် ဘယ်သူကအလင်းပြမလဲ..